ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်လို့မရတဲ့ လုပ်ငန်းအမျိုးအစားတွေရှိပါတယ်။ ထိုင်းရိုးရာလက်မှုလုပ်ငန်းတွေအပါအဝင် ဆံပင်ညှပ်၊အလှပြင်လို လုပ်ငန်းမျိုးတွေလည်း ပါဝင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အစိုးရက အဆိုပါနေရာတွေမှာ ဝင်ရောက်လုပ်ကိုင်ခြင်းကို ဥပဒေပြဌာန်းကန့်သတ်ထားတာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားများ လုပ်လို့မရတဲ့ လုပ်ငန်းများ
- ရိုးရာ တူရိယာလုပ်ငန်း
- ရွှေထည်၊ငွေထည်လုပ်ငန်း
- ကြေးထည်လုပ်ငန်း
- ရိုးရာ အရုပ်ဖန်တီးခြင်းလုပ်ငန်း
- သပိတ်ပြုလုပ်ခြင်းလုပ်ငန်း
- ထီးလုပ်ငန်း
- ယက္ကန်းလုပ်ငန်း
- ရုပ်ပွားတော်ထုလုပ်ခြင်းလုပ်ငန်း
- ပိုးချည်လုပ်ငန်း
- ရိုးရာအနှိပ်လုပ်ငန်း
- ဆေးလိပ်ခုံလုပ်ငန်း
- ထိုင်းအက္ခရာစီလုပ်ငန်း
- ပိုးချည်လုပ်ငန်း
- လမ်းဘေးဈေးရောင်းချခြင်း
- ပွဲစားလုပ်ငန်း
- ဧည့်လမ်းညွှန်လုပ်ငန်း
- အတွင်းရေးမှူးလုပ်ငန်း
- ဥပဒေဝန်ဆောင်မှုလုပ်ငန်း
- ချည်ယက်လုပ်ငန်း
- သစ်သားပန်းပုလုပ်ငန်း
- ပန်းယွန်းလုပ်ငန်း
- စက္ကူပြုလုပ်ခြင်း လုပ်ငန်း
- ဖျာယက်လုပ်ငန်း
- ဆံပင်ညှပ်၊အလှပြင်လုပ်ငန်း
- ကျောက်မျက်ရတနာလုပ်ငန်း
- လေလံတင်အရောင်းအဝယ်လုပ်ငန်း
- ယာဉ်မောင်းလုပ်ငန်း