MOU နဲ့ လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ဟာ တခြားအလုပ်ရှင်တစ်ယောက်ဆီမှာ ပြောင်းပြီး အလုပ်လုပ်လို့ရပါတယ်။ ဒါပေမယ့် အလုပ်သမားမှတ်ပုံတင်အရာရှိက စစ်ဆေးမှုပြုလုပ်ပြီး ခွင့်ပြုချက်ပေးမှ လုပ်လို့ရမှာ ဖြစ်ပါတယ်။
ပထမအလုပ်ရှင်ဆီမှာ လုပ်ခဲ့တဲ့စာချုပ်ပါသက်တမ်း ကုန်ဆုံးခြင်းရှိမရှိကို စစ်ဆေးပါမယ်။ အလုပ်ရှင်ကို နစ်နာကြေးပေးခြင်း ရှိမရှိ စစ်ဆေးပါမယ်။
နစ်နာကြေးမပေးဘဲ အလုပ်ရှင်အပြစ်ကြောင့် မလုပ်နိုင်လို့ ပြောင်းရတယ်ဆိုရင် အလုပ်ရှင်နဲ့ပတ်သက်ပြီး အောက်ပါအချက်တွေကို အရာရှိက စစ်ဆေးမှာ ဖြစ်ပါတယ်။
၁။ အလုပ်ရှင်က အကြောင်းပြချက်မရှိဘဲ အလုပ်ဖြုတ်ခြင်း (သို့)အလုပ်ရှင် သေဆုံးခြင်း၊
၂။ အလုပ်ရှင် ဒေဝါလီခံခြင်း၊
၃။ အလုပ်ရှင်က အလုပ်သမားကို နှိပ်စက်ခြင်း (သို့)ဒဏ်ရာ ရအောင်လုပ်ခြင်း
၄။ အလုပ်ရှင်က အလုပ်ခန့် စာချုပ် (သို့) အလုပ်သမားကာကွယ်ရေး ဥပဒေတွေကို လိုက်နာဖို့
ပျက်ကွက်ခြင်း၊
၅။ အလုပ်သမားတွေဟာ အသက်အန္တာရယ်၊ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်စေနိုင်တဲ့ အလုပ်အခြေအနေ (သို့) အလုပ်ပတ်ဝန်းကျင်မှာ အလုပ် လုပ်ရခြင်း တို့ဖြစ်ပါတယ်။
အထက်ပါ အချက်အလက်တွေဟာ IOM(International Organization for Migration )ရဲ့ ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများလမ်းညွှန်လက်စွဲစာအုပ်ကို အခြေခံရေးသားထားတာ ဖြစ်ပါတယ်။
Ref: IOM/ ရွှေ့ပြောင်းအလုပ်သမားလမ်းညွှန်လက်စွဲစာအုပ်