ထိုင်းနိုင်ငံမှာ လမ်းကူးတဲ့အခါ ပထမဆုံးသိထားသင့်ကတော့ ထိုင်းနိုင်ငံရဲ့ ယာဉ်ကြောစနစ်ဖြစ်ပါတယ်။ ဘယ်မောင်းစနစ်ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။
ကျင့်သားမရခင် လမ်းကူးဖို့ ကားကြည့်တဲ့အခါ သေချာလေးကြည့်ကူးဖို့ လိုပါတယ်။ လူကူးမျဉ်းကြားရှိရင် လူကူးမျဉ်းကြားက ကူးသင့်ပါတယ်။ လူကူးကုန်းကျော်တံတားရှိရင်လည်း လူကူးကုန်းကျော်တံတားကနေသာ ကူးသင့်ပါတယ်။
လူကူးမျဉ်းကြားမှာ အချက်ပြမီးစနစ်ရှိတယ်ဆိုရင် အချက်ပြမီးစနစ်ရဲ့ ခလုပ်ကိုနှိပ်ပြီး မီးစိမ်းတာကို စောင့်ရပါမယ်။ မီးစိမ်းပြီဆိုမှသာ ကူးရပါမယ်။ လမ်းဖြတ်ကူးမယ့်သူအတွက် အချက်ပြမီးမရှိဘဲ ယာဉ်တွေအတွက်သာ မီးရှိတယ်ဆိုရင်တော့ ကားတွေရပ်တာကိုစောင့်သင့်ပါတယ်။
လမ်းလျှောက်တဲ့အခါမှာလည်း ပလက်ဖောင်းရှိရင် ပလက်ဖောင်းပေါ်ကပဲ လျှောက်ဖို့ မမေ့ပါနဲ့။
Ref: ရွှေ့ပြောင်းအလုပ်သမားလက်စွဲစာအုပ်/IOM Thailand